(က) တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် အရည်အချင်းသတ်မှတ်ခြင်း။ တက္ကသိုလ် ပညာသင်ဆုနှင့် တက္ကသိုလ်၀င်ခွင့်လျှောက်ထားရန် အရည်အချင်းသတ်မှတ်ခြင်းများမှာ အောက်ပါအတိုင်း သတ်မှတ်ထားရှိပါသည်-

    (၁) အစိုးရပထမကြီးတန်း၊ စေတီယင်္ဂဏ စာသင်တန်း၊ သကျသီဟ စာသင်တန်း တစ်ခုခု အောင်မြင်ပြီးသူဖြစ်ရမည်။

    (၂) အသက်(၃၀)နှစ်၊ သိက္ခာ(၁၀)ဝါထက်မကြီးသော ရဟန်းနှင့်သာမဏေ များ ဖြစ်ရမည်။

    (၃) ရဟန်းကျင့်ဝတ်၊ ရှင်ကျင့်ဝတ်တို့ကို လေးစားလိုက်နာပြီး စာရိတ္တကောင်းသူ ဖြစ်ရမည်။

    (၄) ကျန်းမာရေးကောင်းမွန်ရမည်။

    (၅) သာသနာ့တက္ကသိုလ်မှ သက်ဆိုင်ရာစာသင်နှစ်ပြီးဆုံးသောအခါ သာသနာ့ တက္ကသိုလ်က ပေးအပ်သောတာဝန်ကို အနည်းဆုံး(၂)နှစ် မပျက်မကွက် တာဝန်ယူ ထမ်းဆောင်ရမည်။

(၆) မိမိအား တာဝန်ယူမည့် ဥပဇ္စျာယ်ဆရာ သို့မဟုတ် မိမိအားတာ၀န်ယူမည့် ဆရာတော် တစ်ပါးပါး၏ အပ်နှံလွှာပါရှိရမည်။

(ခ) ဝင်ခွင့်စာမေးပွဲဖြေဆိုခြင်း။ ဝင်ခွင့်စာမေးပွဲနှင့်ပတ်သက်၍ (၁)ပထမကြီး တန်း အဆင့်ဝိနည်း၊ သင်္ဂြိုဟ်၊ ဇာတ်တော်အကျဉ်းချုပ်၊ ဘာသာရေးနှင့်ဆိုင်သော အထွေထွေ ဗဟုသုတ၊ (၂)သဒ္ဒါပါဠိဘာသာရပ်နှင့်  ဆယ်တန်းအဆင့် အင်္ဂလိပ်စာ များ ရေးဖြေအဖြစ်(၂)ရက် ဖြေဆိုရမည်ဖြစ်ပြီး၊ ရေးဖြေအောင်မြင်မှသာ လူတွေ့ စစ်ဆေးပြီး ရန်ကုန်/မန္တလေး တက္ကသိုလ် (၂)ခုညှိနှိုင်း၍ ပထမနှစ်အတွက် သင်တန်းသား ဦးရေကို သတ်မှတ်ရွေးချယ်အတည်ပြု တက်ရောက်စေပါသည်။

မှတ်ချက်။ သာသနာ့တက္ကသိုလ်ကြီးများ အဆင့်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ အကြံပြုချက်အရ ဝင်ခွင့်စာမေးပွဲ အဆင့်မြှင့်တင်ရေးအတွက် ၁၃၆၈-၆၉-ခု ပညာသင်နှစ်မှ စ၍ ဝင်ခွင့်စာမေးပွဲတွင် အင်္ဂလိပ်စာဘာသာရပ်ကို အခြေခံပညာအထက်တန်း အဆင့်သတ်မှတ်ပါသည်။

Related Announcement

တိုင်းရင်းဆေးသင်တန်းဖွင့်လှစ်ပို့ချမှုဆိုင်ရာများ။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)တွင...

Read more

သာသနတက္ကသီလ ဓမ္မာစရိယ( ဒုတိယနှစ်) နှစ်ဝက် စာမေးပွဲအောင်စာရင်းများ

Read more

သာသနတက္ကသီလ ဓမ္မာစရိယ( ဒုတိယနှစ်) နှစ်ဝက် စာမေးပွဲအောင်စာရင်းများ

Read more