အထောက်အကူပြုသင်တန်း(ကွန်ပျူတာ၊ အင်္ဂလိပ် စကားပြော)

(က) ကွန်ပျူတာသင်ကြားမှု။ ၂၃-၁-၂၀၀၈ မှစ၍ ပညာသင်နှစ်အလိုက် အဆင့်(၃)ဆင့်ခွဲ၍ နေ့စဉ် ည(၇)နာရီမှ (၈ : ၃၀)အထိ ပုံမှန် သင်ကြားပို့ချလျက်ရှိပါသည်။

  • (၁) Level.I အခြေခံစာစီစာရိုက်။ Page Maker, Power point, Microsoft Word စသည့် ဘာသာရပ်များကို သင်ကြား/စီမံ ဆရာတော်(၃)ပါးမှ သင်ကြားလျက် ရှိရာ သင်တန်းဖွင့်လှစ်မှု (၁၁)ကြိမ်တွင် သင်တန်းသားသံဃာ(၃၇၅)ပါးတက်ရောက် ခဲ့ပြီး လက်ရှိ(၁၂)ကြိမ်မြောက်၌ သင်တန်းသားသံဃာ(၄၄)ပါး တက်ရောက်လျက် ရှိပါသည်။

  • (၂) Level.II အခြေခံစာစီစာရိုက်။ Graphic Design, Photoshop စသည့် ဘာသာရပ်များကို သင်ကြား/စီမံ ဆရာတော်(၁)ပါးမှ သင်ကြားလျက်ရှိရာ သင်တန်း ဖွင့်လှစ်မှု (၈)ကြိမ်တွင် သင်တန်းသားသံဃာ(၂၀၃)ပါးတက်ရောက်ခဲ့ပြီး လက်ရှိ (၉)ကြိမ်မြောက်တွင် သင်တန်းသားသံဃာ(၃၀)ပါး တက်ရောက်လျက် ရှိပါသည်။

  • (၃) Level.III အခြေခံစာစီစာရိုက်။ Hardware, Software, System စသည့် ဘာသာရပ်များကို ပြင်ပ လူပုဂ္ဂိုလ် ဆရာကြီးမှ သင်ကြားခဲ့ရာ ယနေ့ထိ သင်တန်းဖွင့်လှစ်မှု (၂)ကြိမ်သာရှိပြီး သင်တန်းသားသံဃာတော်(၃၅)ပါးတက်ရောက် ခဲ့ပြီး ဖြစ်ပါသည်။