
ဌာနမှူး(သုတေသန/ဘာသာပြန်/စာအုပ်ထုတ်ဝေရေးဌာန)၏လုပ်ငန်း တာဝန်များ
(က) မဟာဓမ္မာစရိယဘွဲ့ယူကျမ်းစာများထဲမှ အများပြည်သူဒါယကာ၊ ဒါယိကာမများ အတွက် အကျိုးများစေမည့် ကျမ်းစာများကို ရွေးချယ်စိစစ်၍ ပုံနှိပ်ထုတ်ဝေနိုင်ရေး အစည်းအဝေးတွင် တင်ပြဆောင်ရွက်ရပါသည်။
(ခ) ထုတ်ဝေရန် အတည်ပြုချက်ရယူပြီးသော ကျမ်းစာများကို တည်းဖြတ်၍စာမူချော ပြုစု ဆောင်ရွက်ပါသည်။
(ဂ) ဘာသာပြန်စာမူများကို ထိန်းသိမ်းထားရှိပါသည်။
(ဃ) တက္ကသိုလ်ကျမ်းစစ်ကြီးကြပ်ရေးအဖြစ်တာဝန်ယူဆောင်ရွက်ရပါသည်။
(င) တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့တွင်လည်းကောင်း၊ တက္ကသိုလ်ပညာရေးအဖွဲ့တွင် လည်းကောင်း အဖွဲ့ဝင်အဖြစ်တာဝန်ယူ၍ တက္ကသိုလ်တိုးတက်ရေး ကူညီဆောင်ရွက် ရပါသည်။
(စ) တက္ကသိုလ်အုပ်ချုပ်ရေးဗဟိုအဖွဲ့ဆရာတော်များထံမှ အခါအားလျော်စွာ ဩဝါဒခံယူရ ပါသည်။