ဆွမ်းကွမ်းဌာနစု၏ လုပ်ငန်းဆောင်ရွက်ချက်များ

ဆွမ်းကွမ်းဌာနစုအနေဖြင့် သင်ကြား/စီမံ ဆရာတော်များနှင့် စာသင်သားသံဃာတော်များအား နေ့စဉ်ဆွမ်းဆက်ကပ်ခြင်း၊ အလှူရှင်များ၊ ဝန်ကြီးဌာနများနှင့် ပြည်နယ်/တိုင်း ဆက်သွယ် ဆောင်ရွက်၍ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ရေစက်ချတရားနာယူသည့် အခမ်းအနားများ ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်-

  • (က) ဆွမ်းဆက်ကပ်မှုအခြေအနေ။ သင်ကြား/စီမံဆရာတော်များနှင့် စာသင်သား သံဃာတော် (၄၀၀)ပါးကျော်တို့အား ၂၀၁၈-ခုနှစ်အတွင်း ဆွမ်းဆက်ကပ်ရက်များမှ အောက်ပါအတိုင်း ဖြစ်ပါသည် -

    စဉ် အလှူရှင်များ ဆွမ်းဆက်ကပ်ရက်
    (၁) ပြည်နယ်/တိုင်းဥပဋ္ဌာက ၄၂
    (၂) ဆွမ်းပဒေသာပင်(နှစ်စဉ်) ၈၁
    (၃) ဝန်ကြီးဌာန ၁၀၉
    (၄) ကာလဒါန ၂၇
    (၅) ပဒေသာပင် ၄၅
    (၆) ဌာနခွဲအစီအစဉ် ၆၁
    စုစုပေါင်း ၃၆၅
  • (ခ) တစ်နေ့တာဆွမ်းဆက်ကပ်မှုနှုန်းထား။ တစ်နေ့တာ ဆွမ်းဆက်ကပ်မှုနှုန်းထားမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

    • (၁) အရုဏ်ဆွမ်း = ၇ဝဝိ/-
    • (၂) နေ့ဆွမ်း = ၂၃ဝဝိ/-
    • (၃) တစ်နေ့တာ = ၃ဝဝဝိ/-