သာသနာ့တက္ကသိုလ်ဝင်ခွင့် ‌ဖြေဆိုလိုသူများသို့...

 

ဘဒ္ဒန္တဥတ္တမ (ဒုတိယမော်ကွန်းထိန်း)

 

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးများကို “ပြည် တွင်း ပြည်ပတို့၌ သာသနာပြုစွမ်းနိုင်သော ရဟန်းတော်များ ပေါ်ပေါက်စေရေး”ဟူသော အဓိက ရည်ရွယ်ချက်ဖြင့် ရန်ကုန်နှင့် မန္တလေးမြို့တို့၌ တည်ထောင် ဖွင့်လှစ်ခဲ့ရာ ယခု ၁၃၈၅-ခုနှစ်ဆိုလျှင် နှစ် ပေါင်း ၃၇-နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ရည်ရွယ်ချက်အတိုင်း လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသဖြင့်လည်း တိုးတက်အောင်မြင်မှုများ ရရှိလာခဲ့ပြီး ဖြစ်သည်။

 

တက္ကသိုလ်များ စတင်ဖွင့်လှစ်ချိန်တွင် အစိုးရဓမ္မာစရိယတန်းအောင်မြင်ပြီးရဟန်းတော်များ ကိုသာ မဟာဓမ္မာစရိယတန်း တက်ရောက်ရန် ခေါ်ယူခဲ့သော်လည်း ၁၃၅၁-ခုနှစ်မှစ၍ တက္ကသိုလ် စည်းမျဉ်းအသစ် ပြင်ဆင်ရေးဆွဲလျက် အစိုးရပထမကြီးတန်းအောင်မြင်သူ ရဟန်း,သာမဏေများကို သာသနတက္ကသီလဓမ္မာစရိယတန်း တက်ရောက်ရန် ခေါ်ယူခဲ့သည်ကို တွေ့ရပါသည်။ တစ်ဖန် ၁၃၇၉-ခုနှစ်မှစ၍ မဟာဓမ္မာစရိယတန်း တက်ရောက်လိုပါက သာသနတက္ကသီလဓမ္မာစရိယဘွဲ့ ဖြစ်စေ၊ အစိုးရဓမ္မာစရိယဘွဲ့ဖြစ်စေ ဘွဲ့တစ်ခုခု ရပြီးသော ရဟန်း, သာမဏေများကို ပြန်လည်ခေါ် ယူခဲ့ပါသည်။

 

တက်ရောက်လိုသူ အရှင်မြတ်များသည် အစိုးရပထမကြီးတန်း အောင်မြင်ရုံ၊ သာသနတက္က သီလဓမ္မာစရိယဘွဲ့ (သို့မဟုတ်) အစိုးရဓမ္မာစရိယဘွဲ့ရရုံ သက်သက်မျှဖြင့် တက်ရောက်ခွင့် မရပေ။ တက္ကသိုလ်ဝင်ခွင့် ရေးဖြေနှင့် နှုတ်ဖြေ စာမေးပွဲနှစ်ရပ်လုံး အောင်မြင်ပြီးမှသာ တက်ရောက်ခွင့် ရရှိကြ ပါသည်။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးများသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ နှင့် တက္ကသိုလ်အုပ်ချုပ်ရေးဗဟိုအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် တည်ထောင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ရာ အုပ်ချုပ်ရေးကဏ္ဍရော ပညာရေးကဏ္ဍပါ စည်းမျဉ်းချင်း တူညီကြပါသည်။ အလားတူပင် တက္ကသိုလ် ဝင်ခွင့်စာမေးပွဲကျင်းပပုံနှင့် အချိန် ဇယားများလည်း အတူတူပင် ဖြစ်သည်။

 

ထို့ကြောင့် စာရေးသူက တက္ကသိုလ်ဝင်ခွင့်ဖြေဆိုကြမည့် အရှင်မြတ်များအတွက် ကြိုတင် သိထားသင့်သော အချက်အလက်အကြောင်းအရာများကို တက္ကသိုလ်ပညာသင်ကြားရေးအဖွဲ့၏ ခွင့် ပြုချက်ဖြင့် စုံစုံလင်လင်သိရှိစေရန် အသေးစိတ် တင်ပြလိုက်ပါသည်။


ဝင်ခွင့်လျှောက်လွှာ တင်သွင်းခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ

သာသနတက္ကသီလဓမ္မာစရိယတန်းသို့ တက်ရောက်ရန် ဝင်ခွင့်ဖြေဆိုလိုသော အရှင်မြတ်များ သည်-

(က) အစိုးရပထမကြီးတန်း၊ သို့မဟုတ် သကျသီဟ, စေတိယင်္ဂဏစာမေးပွဲ စာသင်တန်း တစ်ခုခု အောင်မြင်ပြီးသူ ဖြစ်ရမည်။

(ခ) သက်တော်-၃ဝ၊ ဝါတော် ၁၀-ဝါအတွင်း ဖြစ်ရမည်။

(ဂ) ဥပဓိသမ္ပတ္တိနှင့်ပြည့်စုံ၍ ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။

ဝင်ခွင့်ဖြေဆိုမည့် အရှင်မြတ်များသည် လျှောက်လွှာပုံစံများကို ဖြေဆိုလိုသူကိုယ်တိုင် လာရောက် ထုတ်ယူရမည်။ ကိုယ်တိုင်မလာရောက်နိုင်လျှင် ကိုယ်စားလှယ်လွှတ်၍ လျှောက်လွှာထုတ်ယူနိုင် သော်လည်း လျှောက်လွှာ ပြန်လည်တင်သွင်းသည့်အခါ ဖြေမည့်သူကိုယ်တိုင်သာ ပြန်လည်တင်သွင်း ရပါမည်။ လျှောက်လွှာတင်သွင်းသည့်အခါ ဖြေဆိုမည့်သူကိုယ်တိုင် လာရောက်လျက်-

၁။ သာသနာဝင်မှတ်တမ်းမူရင်း

၂။ ၆-လအတွင်းရိုက်ထားသော ပတ်စ်ပို့(၁-လက္မပတ်လည်) ကာလာဓာတ်ပုံ ၂-ပုံ

၃။ ပထမကြီးတန်းအောင်လက်မှတ်မူရင်းနှင့် မိတ္တူအပြည့်အစုံပြ၍တင်သွင်းရပါမည်။

(ခြွင်းချက်အနေဖြင့် ယခုနှစ်မှ အောင်မြင်သူများ အောင်လက်မှတ်မရသေးပါက အောင်လက်မှတ် ပြရန် မလိုပါ။)

 

ပတ်(စ်)ပို့ ဓာတ်ပုံ ၂-ပုံ၏ နောက်ကျောတွင် ဖြေဆိုသူ၏ ဘွဲ့အမည်၊ သာသနာဝင်အမှတ်၊ အဖအမည် တို့ကို ပီပြင်ထင်ရှားစွာရေးပြီး ဓာတ်ပုံတစ်ပုံကို လျှောက်လွှာတွင် ကပ်ကာ၊ ကျန်တစ်ပုံကို ခုံနံပါတ်တွင် ကပ်ရန်အတွက် အလွတ်ယူဆောင်ခဲ့ရမည်။

 

တစ်ဖန် ဝင်ခွင့်လျှောက်လွှာတွင် ပါရှိသော အသေးစိတ်အချက်အလက်ကိုလည်း ပြည့်စုံ မှန်ကန်မှုရှိအောင် ဖြည့်သွင်းကြရမည်။ အထူးသဖြင့် အမှတ်စဉ် ၆-ပါ ဖြေဆိုသူ၏ မွေးသက္ကရာဇ် ခုနှစ်၊ လ၊ ရက် အပြည့်အစုံနှင့် အမှတ်စဉ် ၇-ပါ ရဟန်း/သာမဏေ ဖြစ်သည့် ရက်ချုပ်အပြည့်အစုံကို သာသနာဝင်မှတ်တမ်းပါအတိုင်း ကွဲလွဲမှု မရှိရအောင် တိကျမှန်ကန်စွာ ဖြည့်သွင်းရမည်။ (ရဟန်း/ သာမဏေနှစ်ခုလုံး ဖြည့်သွင်းဖို့မလိုပါ။)

 

အမှတ်စဉ် ၉-ပါ ယခုလက်ရှိ သီတင်းသုံးနေသော လိပ်စာအပြည့်အစုံဆိုသည်မှာ မိမိ အမှန်တကယ် ဝင်ခွင့်ဖြေဆိုမည့် ကျောင်းတိုက်၏ နေရပ်လိပ်စာကို ဆိုလိုသည်။ ထို့ကြောင့် ဖြေဆို သူသည် အမှန်တကယ် ဖြေဆိုမည့်ကျောင်းတိုက်ကို ရွေးချယ်စဉ်းစားပြီးမှ ဖြည့်သွင်းကြစေလိုပါ သည်။ အကြောင်းမှာ ဝင်ခွင့်အောင်မြင်ပြီးနောက် ကျောင်းဝင်ခွင့်လျှောက်လွှာ ပြန်လည်တင်သွင်း သည့်အခါတွင် ၄င်းလိပ်စာနှင့်ပင် ပြန်လည်တင်သွင်းရမည် ဖြစ်သောကြောင့်တည်း။

အမှတ်စဉ်-၁ဝ ပါ အောင်မြင်ခဲ့သော အတန်းနေရာတွင်လည်း မိမိအောင်မြင်ထားခဲ့သော အတန်းစဉ်အလိုက် အောင်မြင်ခဲ့သော ခုနှစ်၊ ခုံအမှတ်၊ စာဖြေဌာန၊ ကျောင်းတိုက်အမည်တို့ကို တိကျမှန်ကန်မှုရှိအောင် ဖြည့်သွင်းကြရမည်။ ထိုသို့ ဖြည့်သွင်းရာ၌ အောင်မြင်ခဲ့သော ခုံနံပါတ်ရှေ့၌ စာဖြေဌာန၏ သင်္ကေတအက္ခရာမပါရှိခြင်း၊ စာဖြေဌာနအမည်၊ အောင်မြင်သည့်ခုနှစ်၊ ကျောင်းတိုက် အမည် မမှန်ကန်သည့် လျှောက်လွှာများကိုမူ လက်ခံစဉ်းစားလိမ့်မည် မဟုတ်ပါ။

 

အမှတ်စဉ်-၁၂ ပါ သီတင်းသုံးခဲ့ဖူးသော ကျောင်တိုက်များနေရာတွင် ဖြေဆိုသူနေထိုင်ခဲ့ဖူး သော ကျောင်းတိုက်အမည်နှင့် ၄င်းကျောင်းတိုက်တည်ရှိရာ မြို့နယ်၊ မြို့အမည်များကို အပြည့်အစုံ ပူးတွဲဖော်ပြရပါမည်။ တစ်ကျောင်းတည်း နေဖူးသူများဖြစ်လျှင် တစ်ကျောင်း၊ နှစ်ကျောင်း, သုံးကျောင်းစသည် နေထိုင်ဖူးသူများအဖို့ နှစ်ကျောင်း, သုံးကျောင်းအထိ အပြည့်အစုံ ရေးသွင်းရမည်။

ဥပမာ- မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးစသည်ဖြင့် မြို့နယ်၊ မြို့တို့ကို ပူးတွဲဖြည့်သွင်း၍ အပြည့်အစုံ ဖော်ပြပေးခြင်းမျိုး ဖြစ်သည်။

 

ဖော်ပြပါ အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းပြီးနောက် လျှောက်လွှာပိတ် သည့်နေ့ ညနေ ၄-နာရီ နောက်ဆုံးထား၍ မော်ကွန်းထိန်းရုံးသို့ ကိုယ်တိုင်လာရောက် တင်သွင်းရပေ မည်။ (ထိုရက်ထက် နောက်ကျသော လျှောက်လွှာများကို လက်ခံစဉ်းစားလိမ့်မည် မဟုတ်ပါ။)

 

သာသနတက္ကသီလဓမ္မာစရိယတန်း ဝင်ခွင့်စာမေးပွဲ ဖြေဆိုမှုဆိုင်ရာ 

ဝင်ခွင့်စာမေးပွဲဖြေဆိုရာ၌ ယခုစနစ်သစ် ပြဋ္ဌာန်းချက်မူအရ မေးခွန်းလွှာ ၂-လွှာကို ၂-ရက် ဆက်တိုက် ဖြေဆိုရပါမည်။ ဖြေဆိုချိန်မှာ မွန်းလွဲ ၁-နာရီမှ ညနေ ၄-နာရီအထိ သုံးနာရီ ဖြစ်သည်။ ဖြေဆိုချိန်စတင်သည်မှ နာရီဝက်နောက်ကျ၍ ရောက်လာသူများကို စာဖြေခန်းအတွင်းသို့ ဝင်ရောက် ဖြေဆိုခွင့်ပြုမည်မဟုတ်ပေ။ ဖြေဆိုမည့်သူများသည် မိမိ၏ခုံနံပါတ်ကတ်ပြားနှင့် သာသနာဝင် မှတ်တမ်းကို အပြည့်အစုံ ယူဆောင်လာကြရမည်။ အကြောင်းမှာ သက်ဆိုင်ရာ စာမေးပွဲကြီးကြပ် သူများက လိုအပ်၍ စစ်ဆေးမှုများ ပြုလုပ်သည့်အခါ အဆင်သင့်တင်ပြနိုင်ရန် ဖြစ်သည်။ ဖြေဆိုသည့် ဘာသာရပ်အနေအားဖြင့် -

၁။ ပထမနေ့တွင် ဝိနယနှင့် အဘိဓမ္မဘာသာ (၅-ပုစ္ဆာစီ)

၂။ ဒုတိယနေ့တွင် ပါဠိနှင့် ဗဟုသုတဘာသာ (၅-ပုစ္ဆာစီ) ဖြေဆိုရမည်။

 

မေးခွန်းလွှာ-၁ ၊ ဝိနယနှင့် အဘိဓမ္မဘာသာမေးခွန်းလွှာ

ဝိနယနှင့် အဘိဓမ္မဘာသာတို့၌ ပထမကြီးတန်းမူအတိုင်း ရိုးရိုးအဓိပ္ပာယ်၊ ဉာဏ်စမ်းအဓိပ္ပာယ်၊ သရုပ်ပိုင်းဆိုင်ရာ သုံးမျိုးလုံး မေးခွင့်ရှိပြီး ဖြေဆိုသူများအနေဖြင့် ပထမကြီးတန်းအောင်မြင်ခဲ့စဉ်က ပြဋ္ဌာန်းချက်ကျမ်းစာများကို ကျေညက်အောင် ပြန်လည်လေ့ကျင့်ထားရန် လိုပါသည်။ သို့မှသာ ၄င်း ဘာသာရပ်ဆိုင်ရာ မေးခွန်းများကို ရာနှုန်းပြည့် ဖြေဆိုနိုင်မည်။ စာစီစာကုံးဆန်ဆန် ပုစ္ဆာများလည်း မေးနိုင်သဖြင့် ပုစ္ဆာအနေအထားကိုကြည့်၍ လိမ္မာပါးနပ်စွာ ဖြေဆိုနိုင်အောင် ကြိုတင်လေ့ကျင့်ထား ရမည်။

 

မေးခွန်းလွှာ-၂ ပါဠိနှင့် ဗဟုသုတဘာသာမေးခွန်းလွှာ

ဒုတိယနေ့တွင် ပါဠိဘာသာ မေးခွန်း ၅- ပုစ္ဆာနှင့် ဗဟုသုတဘာသာ မေးခွန်း ၅-ပုစ္ဆာ ဖြေဆိုကြ ရမည်။ ပါဠိဘာသာမေးခွန်းလွှာအတွက် ပထမကြီးတန်းပြဋ္ဌာန်းချက် ကစ္စည်းသဒ္ဒါဘာသာနှင့် ပါဠိ ဝါကျတည်ဆောက်ပုံတို့ကို ပြန်လည်လေ့လာ ကျက်မှတ်ထားရမည်။

ကစ္စည်းဘာသာရပ်တွင် ကစ္စည်းသဒ္ဒါကြီးရှစ်စောင်လုံးကို ပြန်လည်လေ့လာထားရမည်။ အကြောင်းမှာ မေးခဲ့ပြီးသော မေးခွန်းဟောင်းများကို လေ့လာကြည့်လျှင် သန္ဓိ ပုဒ်ဖြတ်၊ ပုဒ်စပ်၊ နာမ်ဂိုဏ်း၊ ဝိဘတ်သွယ်၊ အာချာတ်ကြိယာ ဓာတ်,ပစ္စည်းခွဲ၊ ကာရကပုဒ်များ၏ ဝိဘတ္တိနှင့် ဝိဘတျတ္ထ၊ သမာသ်ပုဒ်များ ဝိဂ္ဂဟပြု၊ တဒ္ဓိတ် ပုဒ်များကို ပုဒ်, ပစ္စည်း ဝေဖန်၊ တဒ္ဓိတ်ဝိဂ္ဂဟပြု၊ ကိတ်ပုဒ်များကို ဓာတ်,ပစ္စည်း ခွဲခြင်းများ မေးမြန်းထားသည်ကို တွေ့ရသောကြောင့် ဖြစ်ပါသည်။

 

ပါဠိပုစ္ဆာများကို လေ့လာကြည့်သောအခါ -

(က) ပါဠိဝါကျများကို မြန်မာဘာသာသို့ ပြန်ဆိုစေခြင်း၊

(ခ) မြန်မာဝါကျများကို ပါဠိဘာသာသို့ ပြန်ဆိုစေခြင်း၊

(ဂ) ပဓာနကြိယာပုဒ်များကိုသာ ဖော်ပြပြီး ယင်းကြိယာနှင့် ဆီလျော်မည့် ကတ္တား, ကံ, ကရိုဏ်း, သမ္ပဒါန်ပုဒ်များ ဖြည့်စွက်စေခြင်း၊

(ဃ) ကြိယာပုဒ်များစွာပါသော ဝါကျတစ်ခုကို ဝါကျများ ခွဲခြမ်းစိတ်ဖြာစေခြင်း-စသည့် ပုစ္ဆာ များကို မေးထားခြင်းဖြစ်ရာ ယင်းပုစ္ဆာများကို ခြုံကြည့်လျှင် ပထမကြီးတန်း ဇာတကအဋ္ဌကထာ ဘာသာ ဘာသာပြန်မေးခွန်းကို တွေ့ရပေသည်။ ယင်းပုစ္ဆာများကို လွယ်ကူနားလည်စွာ ဖြေဆိုနိုင်ဖို့ ပထမကြီးတန်း ဇာတ်အဋ္ဌကထာဘာသာရပ် ပြန်လည်လေ့လာထားရမည်။

 

အချုပ်အားဖြင့်ဆိုရသော် ဒုတိယနေ့ ပါဠိဘာသာမေးခွန်းလွှာအတွက် ပထမကြီးတန်း ကစ္စည်းဘာသာနှင့် ဇာတ်အဋ္ဌကထာဘာသာပြန်ဘာသာရပ်တို့ကို ကျေညက်စွာ လေ့လာထားပါလျှင် ယင်းပါဠိဘာသာရပ်ပုစ္ဆာကို လွယ်ကူစွာ ဖြေဆိုနိုင်ပါလိမ့်မည်။

 

ဗဟုသုတဘာသာရပ် ပိုင်းတွင်မူ သင်္ချာ၊ သရုပ်၊ အဓိပ္ပာယ်၊ စာစီစာကုံး ဆန်ဆန် ဖြေဆိုရမည့် ပုစ္ဆာများ ပါဝင်သည်။ မေးနိုင်သော အကြောင်းအရာများမှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီး ပေါ်ပေါက်လာပုံမှအစ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် ဘာသာရေး သာသနာရေးလုပ်ဆောင်ချက် များ၊ သာသနာရေးဝန်ကြီးဌာနများ၏ သာသနာရေးလုပ်ဆောင်ချက်များ၊ မြန်မာနိုင်ငံအတွင်းရှိ 

 

Tags:

Related News

ရန်ကုန်မြို့၊ ပဏ္ဍိတာရာမ(ရွှေတောင်ကုန်းသာသနာ့ရိပ်သာ) ဗုဒ္ဓယဉ်ကျေးမှု သင်တန်းမှ တာဝန်ခံ ဒေါ်စောကလျာအေ...

Read more

ပြည်တွင်းသာသနာပြုဌာနခွဲ၏ ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု(ဗဟို) ကြီးကြပ်ရေးအဖွဲ့ (၂၅)ကြိမ်မြောက် အစ...

Read more

သာသနတက္ကသီလဓမ္မပါရဂူ(Ph.D)ဘွဲ့ သင်တန်းဦးစီးကော်မတီ၏ (၂/၂၀၂၄)အစည်းအဝေးနှင့် ဓမ္မပါရဂူဘွဲ့ယူစာတမ်း ဖတ...

Read more