ဘဒ္ဒန္တသီလဝံသာဘိဝံသ

ဘဒ္ဒန္တသီလဝံသာဘိဝံသ

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)
ဝိနယပိဋကမဟာဌာန
ပါမောက္ခ/ဌာနမှူးဆရာတော်


        ဘဒ္ဒန္တသီလဝံသာဘိဝံသကို ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်ချောင်း အရှေ့ ယေရွာ ဦးစိန်ဗိုလ်ဦး+ဒေါ်စိန်မြတ်အေးတို့မှ သက္ကရာဇ် ၁၃၁၄ ခု၊ နတ်တော်လပြည့်ကျော် ၁၁-ရက်၊ သောကြာနေ့၊ နံနက် ၉-နာရီအချိန်တွင် ဖွားမြင်တော်မူခဲ့ပါသည်။

        အသက် ၁၀-နှစ်အရွယ်တွင် ရမ်းဗြဲမြို့နယ်၊ ကျောင်းစဉ်ကျောင်း အနောက်ရွာရိပ်သာ ဆရာတော် ဦးဂုဏဝံသကို ဥပဇ္စျာယ်ပြု၍ ကုန်ဘောင်ရွာ၊ ဦးကြီး ဦးရွှေကျော်ဦး+ဒေါ်စောပုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူလျက် ရှင်သာမဏေပြုခဲ့ပါသည်။ ဘွဲ့တော်မှာ ရှင်သီလဝံသ ဖြစ်ပါသည်။

        ၁၃၃၅-ခု၊ နယုန်လဆန်း ၃-ရက်၊ နံနက် ၈-နာရီ ၃၀-မိနစ်အချိန်တွင် တာမွေမြို့နယ်၊ ဆုထူးပန် ကျောင်း ခဏ္ဍသိမ်၌ ဘုရားကြီးတိုက်ဆရာတော် ဦးအာစိဏ္ဏကို ဥပဇ္စျာယ်ပြု၍ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ဆရာဝန် ဦးထွန်းမင်း+ဒေါ်သန်းတို့၏ ပစ္စယာနုဂဟကိုခံယူလျက် ရဟန်းအဖြစ်သို့ ရောက်ခဲ့ပါသည်။

        ရမ်းဗြဲမြို့နယ်၊ ကျောင်းစဉ်ကျောင်းရိပ်သာဆရာတော် ဦးသီလာစာရ၊ ဦးဂုဏဝံသ၊ ကျောက်ဖြူ မြို့၊ ဘုရားကြီးကျောင်းတိုက်ဆရာတော် ဦးပဏ္ဏဝ၊ ဦးပဏ္ဍဝ၊ စစ်ကိုင်းရွှေဟင်္သာတိုက်သစ် အဘိဓဇ ဆရာတော်ကြီးနှင့် ဦးသီရိသုမန၊ ဦးဝရိန္ဒ၊ ပဌာန်းသိပ္ပံဆရာတော်ကြီး၊ ပဌမဂန္ဓာရုံဆရာတော်ကြီးဦ သုဗောဓာရုံဆရာတော် ဦးနန္ဒမာလာဘိဝံသ၊ ပဲခူးမြို့၊ ကြခတ်ဝိုင်းကျောင်းတိုက်ဆရာတော် ဦးသိရိန္ဒာ ဘိဝံသ၊ ဦးဉေယျဓမ္မာဘိဝံသ၊ မန္တလေးမြို့၊ ဝိသုဒ္ဓါရုံတိုက်သစ် ဦးအဂ္ဂဉာနာဘိဝံသ၊ မစိုးရိမ်တိုက် ဦးကောဝိဒါဘိဝံသ တို့ထံတွင် ပညာသင်ကြားခဲ့ပါသည်။

        သကျသီဟ, စေတိယင်္ဂဏ, အစိုးရစာချတန်းစာမေးပွဲများကို အောင်မြင်၍ သ.စ.အ သိရီပဝရ ဓမ္မာစရိယ၊ ဝိနယပါဠိပါရဂူ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်များကို ရရှိခဲ့ပါသည်။

        ကျောက်ဖြူမြို့၊ ဘုရားကြီးကျောင်းတိုက်၌ စာပေများပို့ချခဲ့ပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်)၌ ဖွင့်လှစ်စအချိန်ကပင် ဝိနယပိဋကမဟာဌာန၌ နယဒေသက(၂၈-၄-၈၆ မှ ၂၈-၇-၈၉)ထိ အဘိဓမ္မပိဋကမဟာဌာန၌ ဂဏဝါစက(၂၈-၇-၈၉ မှ ၂၁-၁၁-၈၉)ထိ၊ ပိဋကတ်ဆိုင်ရာပါဠိ စာပေဌာန၌ ဌာနမှူး) ၂၁-၁၁-၈၉ မှ ၁၇-၁၁-၉၀)၊ ဝိနယပိဋကမဟာဌာန၌ ပါမောက္ခ၊ ဌာနမှူး(၁၇-၁၁-၉၀ ဆောင်ရွက်ဆဲ)တာဝန်များကို ထမ်းဆောင်ပြီး ထမ်းဆောင်လျက် ရှိပါသည်။ ထို့အပြင်လည်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အောင်မြေရတနာကျောင်းတိုက်ကို တည်ထောင်ကာ စာသင်သား များစွာတို့အား စာပေပို့ချလျက်ရှိပါသည်။