ဒေါက်တာဘဒ္ဒန္တကေတု

ဒေါက်တာဘဒ္ဒန္တကေတု

ပါမောက္ခ/ဌာနမှူးဆရာတော်
ပိဋကတ်ဆိုင်ရာပါဠိစာပေဌာန
                 နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)


        ဒေါက်တာဘဒ္ဒန္တကေတုကို ရေနံချောင်းမြို့နယ်၊ ဝက်လွတ်ကျေးရွာအုပ်စု ကုန်းသောင် ကျေးရွာ ဦချစ်မောင်+ဒေါ်ခင်စုတို့က ၁၃၂၉-ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁၂-ရက် (၃၀-၁၀-၁၉၆၇)တနင်္လာနေ့တွင် ဖွားမြင်သည်။ ငယ်နာမည်မှာ မောင်ကျော်ဌေးဖြစ်၍ မွေးချင်းခုနစ်ယောက်တွင် စတုတ္ထမြောက် ဖြစ်သည်။

        ငယ်စဉ်က ကုန်းသောင်ကျောင်းဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စမဟာထေရ်၊ ရေနံချောင်းမြို့၊ မဟာ ဓမ္မိကာရာမ စမ္ပါယ်ရုံကျောင်းတိုက် ပဓာနနာယကဆရာတော်ဘုရားကြီး ဘဒ္ဒန္တဓမ္မိကမဟာထေရ်မြတ် နှင့် ဆရာတော် ဦးဝါယမ၊ ဦးဝါသဝ၊ ဦးပညာသိရီ၊ ဦးပဏ္ဍိတဓဇ၊ ဦးပဏ္ဍိတတို့အထံတွင် ပညာ သင်ကြားခဲ့သည်။

        ၁၃၄၈-ခု၊ တပို့တွဲလပြည့်နေ့တွင် ရေနံချောင်းမြို့၊ မြို့မတောင်ရပ် စေတနာပွဲရုံ ဦးစိန်ဝင်း+ဒေါ်စောနွဲ့တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူ၍ သမ္ဗာန်တင်ကျောင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဇာဂရမဟာထေရ်မြတ်ကို ဥပဇ္စျာယ်ပြုလျက် ရေနံချောင်းမြို့၊ မဟာဓမ္မိကာရာမစမ္ပာယ်ရုံကျောင်းတိုက် အတွင်းရှိ ခဏ္ဍသိမ်၌ ရဟန်းအဖြစ်သို့ ရောက်ရှိသည်။

        ၁၉၈၉-၁၉၉၀ ပညာသင်နှစ်တွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၌ ပထမဦးဆုံးအကြိမ် ဖွင့်လှစ်သည့် သာသနတက္ကသီလဓမ္မာစရိယတန်းသို့ စတင်တက်ရောက်ခဲ့ပြီး ၁၉၉၂-၁၉၉၃ ပညာသင်နှစ်တွင် သာသနတက္ကသီလဓမ္မာစရိယ B.A(Buddhism)ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၉၃-၁၉၉၄ ပညာသင်နှစ်တွင် အဘိဓမ္မာဘာသာရပ်အထူးပြုဖြင့် မဟာဓမ္မာစရိယတန်း၌ ပညာ သင်ကြားခဲ့ပြီး ၁၉၉၄-၁၉၉၅ ပညာသင်နှစ်တွင် မဟာဓမ္မာစရိယတန်း ဒုတိယပိုင်းရေးဖြေစာမေးပွဲ၌ ဘာသာစုံဂုဏ်ထူးဖြင့် ပထမရရှိအောင်မြင်၍ ပထမဆုံးအကြိမ် ချီးမြှင့်သည့် ဇေယျာမောင်ဆုနှင့် ဒေါ်ခင်ကြည်ဆုတို့ကို ရရှိခဲ့သည်။ ၁၉၉၆-ခုနှစ်တွင် ပိဋကတ်ဆိုင်ရာပါဠိစာပေဌာနနှင့် နည်းပြအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၉-ခုနှစ်တွင် သာသနဓဇဓမ္မာစရိယဘွဲ့ကိုလည်းကောင်း၊ ၂ဝဝဝ ပြည့်နှစ်တွင် သာသနတက္ကသီလမဟာဓမ္မာစရိယ M.A(Buddhism)ဘွဲ့ကိုလည်းကောင်း ရရှိပြီး တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့၏ နိုင်ငံခြားပညာတော်သင်အဖြစ် ရွေးချယ်ခံရ၍ သာသနာရေး ဝန်ကြီးဌာန၏ အထောက်အပံ့ဖြင့် ဆက်လက်ပညာသင်ကြားခဲ့ရာ ၂၀၀၁-ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ ကေလနိယတက္ကသိုလ်မှ M.A ဘွဲ့ကိုလည်းကောင်း၊ ၂၀၀၈-ခုနှစ်တွင် အိန္ဒိယနိုင်ငံ M.A ဘွဲ့ကို လည်းကောင်း၊ ၂၀၀၈-ခုနှစ်တွင် အိန္ဒိယနိုင်ငံ Banaras Hindu University မှ Ph.D. ဘွဲ့ကို လည်းကောင်း ရရှိခဲ့သည်။

        ၂၀၀၈-ခုနှစ်တွင် မြန်မာနိုင်ငံသို့ရောက်ရှိပြီး ကထိကအဖြစ် ပိဋကတ်ဆိုင်ရာပါဠိစာပေဌာန၌ တာဝန်ထမ်းဆောင်သည်။ ၂၀၀၉ ခုနှစ် ဇွန်လမှ ၂၀၁၁-ခုနှစ် ဇန်နဝါရီလအထိ ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာပေဌာန၌လည်း ယာယီဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၀-ခုနှစ်မှစ၍ ဓမ္မပါရဂူသင်တန်းဦးစီးကော်မတီဝင်အဖြစ် ဆောင်ရွက်ရင်း ပိဋကတ်ဆိုင်ရာပါဠိစာပေဌာန၌ ကထိက တာဝန်၊ ပါမောက္ခ/ဌာနမှူး တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။